Rss Feed

ကျနော် အစ်ကို အစ်မ ဘလော့ခ်ဂါ

လူ့ဘ၀ကတိုတိုလေး
ဘာမှမဟုတ်တဲ့ ခဏတဖြုတ်လေးအတွင်းမှာ ပျော်စရာကောင်းအောင် ဘာလို့
မနေခြင်ကြတာလဲ
ပျော်စရာကောင်းအောင် ဘာလို့မနေတတ်ကြတာလဲ
ငါ့ကိုယ်ငါ့လည်း သဘောမပေါက်ဘူး.....။ လူတွေကိုလည်း သဘောမပေါက်ဘူး.....။
သူပျော်လား.... မင်းပျော်လား...... ငါပျော်တယ်ထင်လား.....
တစ်လှေတည်းစီ တစ်ခရီးထဲ အတူတူသွားတယ်တော့ ပြောကြတာဘဲ
မပျင်းအောင် ဘ၀ချင်းလောင်းကြေးထပ် ကစားနေကြတာကလွဲရင် ထိုင်ခုံချင်းကပ်
မိတ်ဆွေမဖွဲ့ ဖြစ်ခဲ့ဘူး....။
အခန်းချင်းကပ် အိမ်နီးချင်း မဖြစ်ခဲ့ဘူး....။
တစ်မိသားစုတည်း သွေးသားအရင်းတွေတောင်မှ အမွေကိစ္စနဲ့ သံယောဇဉ်တွေ
ပြတ်လိုပြတ်
ဝင်ငွေအနည်းအများအလိုက် အကြီးအငယ် သတ်မှတ်လိုသတ်မှတ်
အကျိုးအကြောင်းဆီလျော်လွန်းတဲ့ အတ္တတွေနဲ့
ငါ.... မမှားဘူးဆိုတဲ့မာနတွေနဲ့
ကိုယ်ဘာသာကန့်သတ်ထားတဲ့ ကိုယ့်ဘ၀ ကိုယ်အမြင်တွေနဲ့
သူလည်း သူထင်ရာသူဆိုင်းရင်း...........
.. သူ့သမိုင်း
သူရေးနေတာလို့ပြောတာဘဲ
ကိုယ်လည်း ကိုယ်လှေကိုယ်ထိုးရင် ဇါတ်ဆရာအလိုကျကနေရတဲ့ဘ၀လို့ ပြောမိတာဘဲ
လုပ်သလိုဖြစ်ပြီး ပြောသမျှတင့်တယ်တော့လည်း
ဘ၀ဆိုတာ စီမံကိန်းရေးဆွဲပြီး မဖြစ်မနေဇွဲနဲ့ တည်ဆောက်ရတဲ့
အဆောက်အဦးကြီးပေါ့
လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်ခဲ့ပါတယ်...။
ရေဘူးပေါက်ပေမဲ့ ရေပါအောင်ခပ်ခဲ့ပါတယ်ဆိုတော့လည်း လေးစားသင့်တာဘဲ....။
ဖြစ်ခြင်ပေမဲ့လည်း ဖြစ်သင့်မှ ဖြစ်တာ...
ဖြစ်သင့်ပေမဲ့လည်း ဖြစ်ခြင်မှဖြစ်တာ၊
လူဆိုတာ သစ်ပင်လိုဘဲ ပုံသွင်းလို့မရတဲ့အရာ
ဘယ်သူကိုမှ နားဝင်အောင် မပြောပြတတ်ခဲ့ပါဘူး......။
ဘယ်သူကို့မှလည်း သဘောပေါက်အောင် ရှင်းမပြတတ်တော့ပါဘူး....။
အားလုံးလက်ခံလာအောင် အငြင်းမပွားခြင်တော့ပါဘူး.....။
သူ့ တရားနဲ့ သူမှန်နေတဲ့အရာတွေက အများကြီးဘဲမဟုတ်လား။
တခါတလေ အများလို အနည်းစားခြေ
အခါပေါင်းများစွာ ကိုယ်ကြောင့် ဘယ်သူမှ စိတ်မညစ်စေခြင်ပါ.....။
ပျော်အောင်နေကြည့်လိုက်တိုင်း ......
ငါကြောင့် မျက်ရည်ကျသူတွေ ရှိလာတတ်လို့
သူတို့စိတ်ချမ်းသာအောင်
ငါပဲ တိတ်တိတ်ကလေး မျက်ရည်ကျပစ်လိုက်ရတယ်....။
နေ့နဲ့ည အမှောင်နဲ့အလင်းလိုပဲ
တစ်ယောက်အောင်ပွဲခံဖို့ တစ်ယောက်ကတော့ အရှုံးပေးရမှာဘဲလေ....။

ဒီ forward မေးလ်လေးကို တောင်ကြီးမိသားစုမှာ ဖတ်လိုက်ရတာပါ... ကျနော် စိတ်ဓါတ်ကျနေတဲ့အချိန် မပျော်ရွှင်တာမျိုးတွေဆိုရင် ၂ ခေါက်လောက် ဖတ်ဖြစ်ပါတယ်... စာပိုဒ်လေးက သိပ်မရှည်ပေမယ့် စာရဲ့  တန်ဖိုးကတော့ အတိုင်းမသိပါဗျာ... စာရေးတဲ့သူကိုတော့ မသိလိုက်ရလို့  ကျနော်မထည့်ထားလိုက်ဘူးဗျ... အားလုံးဘဲ ပျော်ရွှင်ပါစေဗျာ...

အောင်မြင်မှုတွေ ထွေးပိုက်လို့  ကမ္ဘာအလယ်တစ်နေရာမှာ ဆုံကြစို့ လား....

စနေသား

ဒီနေ့  နဲ့  မနက်ဖြန်

၁၈ . ၆ . ၂၀၀၉ မှာ ကျနော်စာမေးပွဲ ဖြေပြီးသွားတာပေါ့.... စာမေးပွဲတွေကို ရှိတဲ့အားအကုန်သုံးပြီး ၀င်ဖြေခဲ့ပါတယ်... ဘာသာတိုင်းကိုလည်း ကျေကျေနပ်နပ်ဖြေနိုင်ခဲ့ပါတယ်... ဒီစာမေးပွဲ ကာလအတွင်းမှာ ကျနော့်ဘလော့ဒ်တွေ မရေးဖြစ်ခဲ့ဘူးပေါ့... အဲ့လိုအသစ်တွေ မရှိလည်း ကျနော့်အိမ်လေးဆီ လာလည်ရင်း ဆုတောင်းပေးသွားကြတယ်... စာအဟောင်းလေးတွေ ရှာဖတ်ပေးသွားကြတယ်... ဒီအတွက် သူငယ်ချင်းအစ်ကိုအစ်မတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျား)... ကျနော်ယုံပါတယ် ဒီစာမေးပွဲတွေမှာ ကံကောင်းသွားခဲ့တာ ဘလော့ဒ်ပေါ်က အစ်ကိုအစ်မတွေရဲ့  ပါရမီကလည်း ကင်းမှာ မဟုတ်ပါဘူး....

၂ လ အတိဘဲ ကျနော် ခွင့်တင်ခဲ့တယ်နော်...

ဒီ ၂လ အတွင်းမှာ ကျနော်ဘလော့တွေ မလည်ဖြစ်ခဲ့ပါဘူး... ဒါကြောင့် ဘလော့ဒ်ဂါသူငယ်ချင်းတွေ သတင်း website တွေနဲ့  ခေတ္တအဆက်အသွယ်ပြတ်ခဲ့တာပေါ့... ဒီအတွက်ကြောင့် ဘလော့ဒ်မောင်နှမတွေ ဘာတွေဖြစ်နေလဲ ကျနော်မသိခဲ့မိဘူး... ဘလော့ဒ်တွေလည်း မရောက်ဖြစ်ခဲ့တာလည်း ပါမှာပေါ့... ဒီအတွက် ကျနော့်ကိုနားလည်ပေးကြပါတယ်နော်...း)

မနေ့ ညနေကဘဲ ကိုတောင်ပေါ် မမိုးခါး မနွေးနေခြည်တို့ နဲ့  ပန်နင်ဇူးလားမှာ ထမင်းစားရင်း စကားပြောဖြစ်တယ်... ကြားရတဲ့ သတင်းတွေကလည်းဗျာ... ကွဲတာ ပြဲတာ ရွဲတာ တွေချည်းဘဲ... ၂ လအတွင်း တော်တော်လေး ပြောင်းလဲသွားကြတယ်ပေါ့...

ဆိုက်ပရပ်စ်က ကိုဖိုးစိန်ကလည်း စိတ်မကောင်းအတော်ဖြစ်နေတယ်တဲ့....
ကိုရဲကလည်း စာမေးပွဲတွေနဲ့  ဒီလပိုင်းမှာ အားကိုမအားနိုင်ဘူးတဲ့....
အဆိပ်ခွက်ကလည်း အသည်းကွဲဒဏ်ရာက ဘယ်တော့မှ ကျက်မလဲ မသိဘူး....
ဒီကြားထဲ မမေတ္တာရောင်ပြန်ကလည်း ရေးလိုက်တဲ့ပိုစ့်က “နှလုံးသားနာရေး” တဲ့....
....................

စာမေးပွဲပြီးဘာတဲ့ ဆိုမှ ၀ အောင်မပျော်ရဘူး... စိတ်မကောင်းဖြစ်မိတာတော့ အမှန်ဘဲ... အဲ့ဒါ အစ်ကိုတို့  အစ်မတို့  အပြစ်နော်...

ဒါနဲ့  ကျနော်အရမ်းနှစ်သက်လို့  သိမ်းထားတဲ့ forward မေးလ်လေးတစ်စောင်ရှိတယ်.... အဲ့ဒီမေးလ်လေးကို အစ်ကိုတို့  အစ်မတို့ လိုဘဲ ခံစားချက်တွေ နည်းနည်းပြင်းထန်လာရင် ၂ ခေါက် ၃ ခေါက်လောက် ဖတ်ဖြစ်တယ်... ဒီမေးလ်လေးကို ကျနော် နောက်ထပ်ပိုစ့်အသစ်လေးတစ်ခုအနေနဲ့  တင်ပေးပါ့မယ်....

ဒီလိုပါဘဲ.... ကိုယ့်မှာရှိတဲ့ လက်ငါးချောင်းတောင် မညီတာ... လူတိုင်းမှာ ရှိတဲ့ ဘ၀တွေကလည်း အလှတစ်မျိုးစီပေါ့...

“ဘ၀” ဟာ ကျနော်တို့ ရှမ်းရိုးမတောင်တန်းကြီးလိုပါဘဲ.... တောင်များစွာကို သွယ်တန်းထားလို့  တောင်တန်းလို့  ခေါ်တာပေါ့... တောင်တန်းဆိုတော့ တောင်တက်တောင်ဆင်းများတယ်... အချို့ နေရာတွေ ကြမ်းတမ်းမယ်... အချို့ နေရာတွေ ချောမွန့် မယ်... အချို့ နေရာတွေမှာ ဆူးတွေ ငြောင့်တွေနဲ့  ပြည့်နှက်နေမယ်... အချို့ နေရာမှာ ကတ္တီပါစလေးတွေလို မြက်ခင်းစိမ်းအပြည့်ခင်းတာသလို ခံစားမိကြမယ်... ဒါပေမယ့် အားလုံးကို ချုံကြည့်လိုက်ရင် ကြမ်းတမ်းပြီး အလွန်ကြီးမားခက်ထန်တဲ့ လျှိုမြောင်တွေက ပိုများနေတယ်....

ဆိုလိုချင်တာက ဘ၀ ဆိုတာ အမြဲတမ်း ချောမွန့် နေမှာ မဟုတ်ဘူး... ကတ္တီပါပိတ်သား အပြည့်ခင်းထားတာ မဟုတ်ဘူး... တောင်ဆင်းမှာ အလွယ်တကူ ဆင်းသွားနိုင်ပေးမယ့် တောင်တက်ကြတော့ အားအကုန်စိုက်ပြီးတက်ရတာပါဘဲ.... ပြေပြစ်ပြီး ချောမွန့် တဲ့ ကုန်းပြင်တွေက အမြင့်ဆုံးတစ်နေရာမှာ ရှိနေတော့....

ဘာဘဲဖြစ်ဖြစ်ပေါ့လေ... မနေ့ က နေ၀င်ချိန်ဆိုတာ ဒီနေ့  နေ၀င်ချိန်နဲ့ တော့ ကို့ အတွက် အဓိပ္ပါယ် ဘယ်တူပါ့မလဲ... ဒါပေမယ့် မနေ့ က နေထွက်ချိန်ရဲ့ အားမာန်သစ်တွေ စိတ်ကူးသစ်တွေကတော့ ကိုယ့်ရဲ့  ဒီနေ့  တိုင်းမှာ ရှင်သန်ဖို့ လိုအပ်ပါတယ်... ဒီနေ့ ဟာ ငါတိုရဲ့  ရှင်သန်မှုဘဲ... ဒီနေ့ ဟာ ငါတို့ ရဲ့  တိုက်ပွဲ အသစ်တစ်ခုဘဲ... ဒီနေ့ မှာ မနေ့ က ရှုံးနိမ့်ခဲ့တာတွေကို စဉ်းစားနေလို့  သက်ပြင်းချရုံကလွဲရင် ဘာလုပ်နိုင်မှာလဲ... ဒါပေမယ့် ဒီနေ့ ဟာ မနက်ဖြန်ပေါင်းများစွာအတွက် အဓိပ္ပါယ် အရှိဆုံးနေ့ တစ်နေ့  ဖြစ်လာမယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ... ရှေ့ ဆက်လျှောက်ရမှာ ငါတို့ တာဝန်ဘဲ... လှဲကျနေသူတွေ ပြန်လည်ထူထောင်လာအောင် ငါတို့ ဘဲ လုပ်ရမှာဘဲ....

ကဲ... ကဲ... ငါတို့ လက်တွေ ခိုင်ခိုင်မြဲမြဲတွဲထားကြစို့ ....
ရှေ့ က ပန်းတိုင်လေးက ၀ိုးတ၀ါးနဲ့  အသက်ရှိနေဆဲမို့  ငါတို့ စိတ်နုနုလေးတွေကို ကြံ့ခိုင်ကြစို့ ....
ငါတို့ အတွက် အသက်တွေ အဓိပ္ပါယ်တွေ ပြည့်နှက်နေတဲ့ မနက်ဖြန်အတွက် အားသွန်ခွန်စိုက် ရုန်းကန်ကြစို့ ....
ငါတို့ ရဲ့  မနီးမဝေးမှာရှိတဲ့ အောင်မြင်မှုအသစ်ကလေးတွေကို အတူတူခံစား အသက်သွင်းကြစို့ ကွာ....

စနေသား

၂၁ . ၅. ၂၀၀၉


၂၈ ရက်သာ ကျန်ပါတော့သည်.....

ကျနော် အတိုင်းမသိဝမ်းသာပါတယ်ဗျာ... အခုဘဲ ကျနော် စာမေးပွဲ ဖြေပြီးပြီးချင်း ထမင်းစားရင်းနဲ့  ဘလော့ပေါ်တက်လာတော့ ညီအစ်ကို မောင်နှမတွေ ၀ိုင်းပြီးဆုတောင်းပေးထားတာကို ကျနော်တွေ့ လိုက်ရတယ်... ကျနော့်တစ်သက်မှာ ဒီလိုမျိုးဝိုင်းပြီး ဆုတောင်းပေးတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူးလေ....

ကျနော့်အိမ်သစ်တက်ကလည်း မလုပ်နိုင်းသေးဘူး... အခုအိမ်ကတော့ အဆိပ်ခွက် လက်ရာပေါ့.... သူကိုလည်း မနေ့ ညက ဒုက္ခပေးလိုက်တော့ ချက်ချင်းဘဲ ကောက်ပြင်လိုက်ရော... ဘယ်လိုလဲ... လှတယ်မလား... အဆိပ်ခွက်လုပ်ပေးတဲ့ ကျနော့်အိမ်ပေါ့.....

အင်း... အခုထိတော့ အားလုံးကို ဖြေနိုင်နေဆဲပါ... နောက်ဘာသာများကိုလည်း အောင်မြင်မယ်လို့  မျှော်လင့်ပါတယ်ဗျာ... စာမလုပ်ခင် တက်ပြီးလာရေးသွားတယ်နော်... ညီအစ်ကိုမောင်နှမတွေက မနားတမ်း တစ်ယောက်ပြီးတစ်ယောက် update လုပ်နေတာတွေ့  တော့ ကျနော်လည်းရေးချင်လာတယ်ဗျာ... မနည်းအောင့်ထားရတယ်.... စာမေးပွဲပြီးလို့  ကတော့ အတိုးချပြီးတော့ကို ရေးမှာ....

အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ.... အတိုင်းမသိ ၀မ်းသာမိပါကြောင်း.....
(အမေ့ကိုတော့ ညကျမှ ဘဲ ဖုန်းဆက်လိုက်တော့မယ်း)


စနေသား

၂၀ . ၅ . ၂၀၀၉

၂၉ ရက်သာ ကျန်ပါတော့သည်....
စနေသား

သူတို့ ရဲ့ ကမ္ဘာကြီးတဲ့လား

တစ်ချိန်ထဲမှာဘဲ သူတို့ တွေ ပျော်နေကြတယ်.....
တစ်ချိန်ထဲမှာဘဲ သူတို့ တွေ ရန်ဖြစ်နေကြတယ်.....
တစ်ချိန်ထဲမှာဘဲ သူတို့ တွေ ငိုနေကြတယ်.....
တစ်ချိန်ထဲမှာဘဲ သူတို့ တွေ ရယ်နေကြတယ်.....
တစ်ချိန်ထဲမှာဘဲ သူတို့ တွေ ပူဆွေးနေကြတယ်.....
တစ်ချိန်ထဲမှာဘဲ သူတို့ တွေ အတိုင်းမသိဝမ်းသာနေကြတယ်.....

တစ်စက္ကန့် အတွင်းမှာဘဲ သူတို့ တွေ မွေးဖွားလာကြတယ်.....
တစ်စက္ကန့် အတွင်းမှာဘဲ သူတို့ အလောင်းတွေ တန်းစီနေခဲ့တယ်.....
တစ်စက္ကန့် အတွင်းမှာဘဲ ရက်စက်မှုတွေ ပြည့်နှက်ခဲ့တယ်.....
တစ်စက္ကန့် အတွင်းမှာဘဲ အသစ်တွေ ရှင်သန်ခဲ့တယ်.....
တစ်စက္ကန့် အတွင်းမှာဘဲ ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့တယ်.....

တစ်ခဏမှာဘဲ စီးပွားရေးယန္တားယားကြီး ရပ်လုနီးပါး ဖြစ်ခဲ့ဖူးတယ်.....
တစ်ခဏမှာဘဲ မကောင်းဆိုးဝါးတွေ ပျံ့ နှံ့ ခဲ့တယ်.....
တစ်ခဏမှာဘဲ ကံအရမ်းမြင့်ခဲ့တယ်.....
တစ်ခဏမှာဘဲ ကံနိမ့်စုတ်ပျက်သတ်ခဲ့တယ်.....
အဲ့ဒီတစ်ခဏအတွင်းမှာဘဲ ကောင်းကင်ကြီး ပျက်စီးခဲ့တယ်.....

ဟော.... အခုလည်းကြည့်.... တစ်ခဏ တစ်စက္ကန့်  တစ်ချိန်ထဲမှာဘဲ swine flu ကြောင့် သူတို့ တွေ ပျက်စီးနေကြတယ်..... သေကုန်ကြတယ်.....

ငါတစ်ခု စိုးရိမ်မိတယ်.....
ဒီလက်တစ်ဖြောက်အတွင်းမှာ သူတို့  ကမ္ဘာကြီးရဲ့  အနာဂတ်တွေ မတွေးရဲနိုင်စရာ ဖြစ်တော့မှာလား..........


စနေသား

အချစ်ဆိုတာလေး ပြန်ပြမယ်နော်

“အချစ်... အောင်မြင်ခြင်းရဲ့  တန်ခိုးရှင်ပါ” ကိုဟန်ထွန်းသီချင်းလေးထဲက စာသားလေးပေါ့။

“အချစ်ဆိုတာ ဆားလိုဘဲ သူမရှိတဲ့အခါ ပေါ့နေတာ
အချစ်ဆိုတာ ဆားလိုဘဲ များများစားရင် ငန်တယ်ဗျာ” ကိုဘာဘူရဲ့  အချစ်အပေါ် ယူဆချက်ပေါ့။

“တခါတရံမှာ အချစ်ကပျားရည်
တခါတရံမှာ အချစ်ကခါး
အချစ်ကို ဖွင့်ဆိုတဲ့ defination တွေအကုန်လုံးမှား
တခါတရံမှာ အချစ်ကဒုက္ခ
တခါတရံမှာ ပစ္စည်းဥစ္စာ
တခါတရံမှာ အချစ်ဆိုတာဟာ တွက်လို့ မရတဲ့ ပုစ္ဆာ” ကိုစိုင်းစိုင်းခမ်းလှိုင်ရဲ့  အချစ်ရသလေးပါ။

ဒီလို “အချစ်” ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့  အဓိပ္ပါယ်ကို အမျိုးမျိုး ဖွဲ့ ဆိုခံစားကြတယ်။ သီကုံးကြတယ်။
မှန်ပါတယ်။ အချစ်ဆိုတာ တန်ခိုးကြီးတဲ့ အရာထဲမှာ သူလည်းတခုအဖြစ် ပါဝင်နေမှာပါ။ သူဟာအရာရာဟာကို ပြောင်းလဲပစ်နိုင်တယ်။ ပြုပြင်ပစ်နိုင်တယ်။ အချစ်ကြောင့် ဆိုးသွမ်းရာကနေ အကောင်းပကဓိဖြစ်သွားတဲ့ လူတွေရှိသလို အချစ်ကြောင့် အကောင်းစင်စစ်ကနေ ညစ်ထေးကြမ်းကြုတ်သွားတဲ့ အဖြစ်တွေလည်း ကြားမြင်ခဲ့ဖူးတယ်။ သေချာတာက အချစ်ဆိုတာ လောကကြီးတစ်ခုလုံး ဘ၀တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်တဲ့ မျက်လှည့်ပညာရှင်တစ်ယောက်ပေါ့။

အချစ်မှာ မဖြစ်နိုင်တာမရှိ။ မလုပ်ရဲတာမရှိ။ အချစ်ဟာ ခွန်အားအသစ်တွေ ရှင်သန်စေတယ် ဆိုတာတော့ ယုံကြည်သင့်တယ်လို့  ကျနော်ထင်တယ်။

နောက် “အချစ်” ဟာကစားစရာတစ်ခုမဖြစ်နိုင်ဘူး။ မွန်မြတ်ခြင်းတစ်ပါးထဲမှာ အချစ်ဟာလည်း ပါဝင်နေပြန်တယ်။ အချစ်စစ်ကို ကိုးကွယ်ခြင်းသည် မွန်မြတ်ခြင်းတစ်ခုဖြစ်သည်ဟု ကြားသိခဲ့ဖူးတယ်။

ဒီခေတ်ရေစီးကြောင်းအရတော့ အချစ်ရဲ့  အဓိပ္ပါယ်ဟာ မှေးမှိန်သွားသလိုဘဲ။ အချစ်ကို ပေါ့ပျက်ပျက် ထမင်းစားရေသောက် ဆိုသလို ရချင်တဲ့အချိန်ရတယ်။ ခံစားနိုင်တဲ့ အချိန် ခံစားနိုင်တယ်။ မလိုတဲ့အချိန် ပစ်ပယ်နိုင်တယ်လို့  ယူဆကြတယ်။ ဒီလိုယူဆရင်လည်း မှန်မယ်လို့  ထင်တယ်။ ဒါပေမယ့် ချွင်းချက်တစ်ခုရှိတယ်။ အချစ်ကို ခင်ဗျားတန်ဖိုးမထားရင် အချစ်စစ်ဆိုတာကလည်း ခင်ဗျားဆီကို ယောင်လို့  တောင် လမ်းမှားပြီးရောက်မလာဘူး။ အချစ်စစ်ရဲ့  တန်ဖိုးဟာ ပင်လယ်ကြီးထက် ကျယ်ပျောနက်ရှိုင်းလွန်းနေတာကိုး။

အတုအယောင်တွေ များလွန်းလှတဲ့ ဒီခေတ်ကြီးထဲမှာ အချစ်စစ် အချစ်မှန်ကိုတော့ ရွေးချယ်တတ်ဖို့  လိုလိမ့်မယ် ကျနော်ထင်တယ်။ အချစ်သင်ခန်းစာအတုကို ယုံမှားကိုးကွယ်မိရင် ဘ၀မှာ ပြင်လို့ မရတဲ့ အမှားတစ်ခုဖြစ်သွားနိုင်တယ်လေ။ အချစ်ယောင်ရဲ့  သွေးဆောင်မှုတွေကလည်း ကြောက်ဖို့  ကောင်းလွန်းနေတော့။

တချို့  အချစ်ကို ကံလို့ ထင်မြင်ကြတာတွေလည်းရှိတယ်။ ကံကောင်းရင် အချစ်မှန်ရမယ်။ ကံဆိုးရင် အချစ်ဒဏ်ခံရမယ်ပေါ့။ အင်း... ဒီလိုဆိုရင် တချိန်ချိန်တော့မှန်လိမ့်မယ်။ အမြဲတမ်းတော့ မမှန်နိုင်ဘူးလို့  ကျနော်ယူဆတယ်။

ကျနော့်ဘ၀မှာလည်း “အချစ်” ဆိုတဲ့အရာတစ်ခု နှောင်ဖွဲ့ ကောင်းနှောင်ဖွဲ့ ဖူးလိမ့်မယ်။ ဒါပေမယ့် အချစ်ရဲ့  အရသာအမှန်ကိုတော့ မထိတွေ့ ဖူးသေးဘူးပေါ့။ တစ်နည်းအားဖြင့် မချစ်တတ်သေးတာလည်းဖြစ်ရင် ဖြစ်နိုင်ပါတယ်။
ကျနော်ကတော့ အချစ်ကိုဒီလိုမြင်တယ်။
အချစ်ဆိုတာ နားလည်မှု ၊ ရူးသွပ်မှု။
ပါဝါအများဆုံးပေးနိုင်တဲ့ ဘက်ထရီတစ်လုံးလိုဘဲပေါ့။ အချစ်ရည်တွေ ခန်းခြောက်သွားရင် reaction လေးဆက်ဖြစ်အောင် အချစ်ရည်အသစ်တွေနဲ့  ပြန်ဖြည့်အားသွင်းပေးရတယ်။

ကိုရဲရေ... မချစ်တတ်သေးတဲ့ စနေသားတစ်ယောက်တော့ ကိုရဲ Tag ထားတဲ့ “အချစ်ဆိုတာ” လေးကို ခံစားတင်ပြလိုက်တယ်။ မချစ်တတ်သေးတော့ အမှားလေးတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ဒါကြောင့် စနေသား ချစ်တတ်လာအောင် မန့် လေးနဲ့ ဘဲတင်ပေးသွားဖို့ တောင်းဆိုလိုက်ပါတယ်။

မချစ်တတ်သေးသော စနေသား

ခွင့်တင်ခြင်း

ကျနော့် ဘလော့ဒ်ကို လာပြီးအားပေးကြတဲ့ လာလည်ပေးကြတဲ့ ညီအစ်ကို မောင်နှမများကို ကျေးဇူးအထူးတင်ပါတယ်ဗျာ...... အခုပိုစ့်လေးက ခွင့်တင်တဲ့ ပိုစ့်လေးပါ.... ကျနော် ၂ လလောက် ဘလော့ဒ်ရေးဖြစ်မှာ မဟုတ်ဘူးဗျာ...... ဒီအတွက် စာဖတ်သူတို့ ကို အနူးအညွတ် တောင်းပန်ပါတယ်ဗျ...... စာမေးပွဲက အရမ်းနီးနေလို့ ပါ...... နောက် ဒီစာမေးပွဲကလည်း ဘ၀အတွက် အရမ်းကို အရေးကြီးနေလို့ ပါဗျ...... ဒါပေမယ့် ခံစားချက်တွေ အရမ်းပြင်းထန်ပြီး ရင်ထဲမှာ ကျပ်နေရင်တော့ ကျနော့်ဘလော့ဒ်ဆီလာပြီးဘဲ ဖွင့်ထုတ်ရမှာဘဲ...... နောက် ကျနော့်ရဲ့ tamplate ကိုလည်း ပြင်ဆင်ဖို့  စိတ်ကူးထားတယ်ဗျ..... ဒီအတွက်လည်း ကျနော် အချိန်ပေးရဦးမယ်ဗျာ....... စာဖတ်သူ မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ....... နားလည်ပေးမယ်လို့ လည်း ယုံကြည်ပါတယ်...... အားလုံး ပျော်ရွှင်ပါစေဗျာ......

စနေသား

အမှတ်တရ

ရင်ခုန်သံကို `ရင်ခုန်သံ´ မှန်း သိလိုက်ရတယ်.....
နွေးထွေးမှုကို `နွေးထွေးမှု´ လို့ အတိုင်းတိုင်း ခံစားလိုက်ရတယ်.....
ကြင်နာမှုကို `ကြင်နာမှု´ လို့ အမှန်တကယ် မြင်တွေ့ လိုက်ရတယ်.....

ကမ္ဘာ့ အပြင်းထန်ဆုံး ဆူနာမီ ငလျင်ထက် အဆမတန်အားကောင်းတဲ့ ငလျင်တစ်ခု ငါ့ရင်ဘတ်ကိုဗဟိုပြုသွားတယ်.....
ဒီငလျင်က ဒုက္ခငလျင်မဟုတ်ဘူး.....
ယုံကြည်မှု အသက်များစွာကို ရှင်သန်စေတဲ့ `အချစ်´ ငလျင်.....

လတ်တလောအခိုက်အတန့်  လေးမှာဘဲ..... အရှိန်အဟုန်ပြင်းထန်တဲ့ နာဂစ်မုန်တိုင်းထက် ခက်ထန်တဲ့ မုန်တိုင်းတစ်ခု ငါ့နှလုံးသားထဲ တိုက်ရိုက်တိုးဝင် ရိုက်ခတ်သွားတယ်.....
ဒီမုန်တိုင်းက ရက်စက်မုန်းတိုင် မဟုတ်ဘူး.....
တိုင်းထွာမှု စကေးမဲ့ နတ္ထိ `နွေးထွေး´ စေတဲ့ မုန်တိုင်း.....

ငါ့သွေးလည်ပတ်မှုတွေ ပြောင်းပြန်လှန်သွားတာလား.....
ငါ့အသည်းတွေ ကြွေကျသွားတာလား......
ငါ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်အရည်ပျော်ကျသွားပြီလား......

ငါ့ဦးနှောက်ထဲ အသိတစ်ချက်ဝင်လာတယ်......
ငါ့သွေးလည်ပတ်မှုတွေ ပြောင်းပြန်လှန်သွားတာ မဟုတ်ဘူး......
ငါ့အသည်းတွေ ကြွေကျသွားတာ မဟုတ်ဘူး......
ငါ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်အရည်ပျော်ကျသွားတာ မဟုတ်ဘူး.....

သန့် ရှင်းလတ်ဆတ်တဲ့ ပန်းသီးတစ်လုံးလို ချိုမြိန်ပြီး အပြစ်ကင်းစင်နေသော ကြင်နာမှုအပြည့် သူ့  ရဲ့  `အနမ်းတစ်ရှိုက်´ ငါ့ပါးပြင်ထက် စီးဆင်းအသက်ဝင်တာပါ......
စနေသား

နှုတ်ပိတ်

ခုလတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေလေးတစ်ခုပေါ့....
ယုတ္တိမရှိတဲ့ အကောင်အထည်တစ်ခုကို ယုတ္တိရှိရှိ လူတွေအလည်မှာ စကြ၀ဠာအလည်မှာ နှစ်ပေါင်းများစွာ ငါ လုပ်ကိုင်ဖော်ဆောင်နေတယ်.... ငါ မှားနေလား ငါ့ကိုငါ ပြန်ပြီးစမ်းစစ်မေးမြန်းကြည့်တယ်.... ငါ့စိတ်ကိုကော ငါ ထိန်းချုပ်နိုင်ရဲ့ လား.... ငါ အထာကြီးနဲ့ လုပ်နေတဲ့ ကမ္ဘာကြီးက တချိန်မှာ ယုံကြည်မှု theory တွေမှားပြီး ပျက်စီးမှောင်မည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားနိုင်သလား.... ဒါဆို အောင်မြင်ခြင်းလား ကျဆုံးခြင်းလား.... အသေးစိတ်ခွဲခြမ်း စမ်းစစ်လိုက်တော့ ငါ့ရဲ့  theory တွေက လမ်းကြောင်းတွေမှား အဓိပ္ပါယ်မဲ့ပြီး အကျိုးမှမရှိနေဘဲ.......... အကျိုးမှမရှိနေဘဲ........ လေလွင့်နေဆဲ........ လေလွင့်နေဆဲ..........

ဘာတက်နိုင်မှာလဲ.... ဒီအတိုင်းဘဲ ငါပျော်နေတယ်.... ဒီအတိုင်းဘဲ ငါကောင်းနေတာဘဲ.... ဒီအတိုင်းဘဲ.....
နှုတ်ပိတ်..... တိတ်ဆိတ်မှုတို့  ပေါင်းဖက်ကာ
နှုတ်ပိတ်..... ဆွံ အမှုတို့  ကြားထဲမှာ
နှုတ်ပိတ်..... ခါးသီးမှုတို့  စားသုံးကာ
နှုတ်ပိတ်..... နှုတ်ပိတ်...... နှုတ်ပိတ်......

အခုငါအားကိုးနေရတာ ဘယ်သူလဲ.... ဘယ်ဝါလဲ... ထင်ထင်ရှားရှား ငါ မသိ....
ချစ်သူ `မင်း´ မရှိရင် ငါတော့ အတောင်ပံမဲ့တဲ့ ငှက်ကလေးတစ်ကောင်လို ပျံသန်းခွင့်မရှိ ပျံသန်းလို့ မရ ဖြစ်သွားလိမ့်မယ်.... ငါ့လူယုံတွေက ငါ့နောက်ကျောကို ဆူးရှအဆိပ်လူးမြားတွေနဲ့  ထောက်ပြခြိမ်းခြောက်နေသလိုဘဲ ငါကြောက်ရွံနေတတ်တယ်.... ချစ်သူ မင်း ဒါတွေကို သိနိုင်မလားကွာ.... ဒါတွေကို သိနိုင်မလားကွာ.....
ဒီအတိုင်းဆို ငါတစ်ယောက်ထဲ မဖြစ်နိုင်တော့ဘူး.... မဖြစ်တော့ဘူး... ဒါပေမယ့် ငါပျော်နေတယ်... ဒီအတိုင်းဘဲ ငါကောင်းနေတယ်... ဒီအတိုင်းဘဲ.......
နှုတ်ပိတ်..... တိတ်ဆိတ်မှုတို့  ပေါင်းဖက်ကာ
နှုတ်ပိတ်..... ဆွံ အမှုတို့  ကြားထဲမှာ
နှုတ်ပိတ်..... ခါးသီးမှုတို့  စားသုံးကာ
နှုတ်ပိတ်..... နှုတ်ပိတ်...... နှုတ်ပိတ်......


ဒီသီချင်းကို ကျနော် ခွေထွက်ထွက်ချင်းမှာဘဲ စပြီးစွဲလမ်းခဲ့တာပါ..... သီချင်းရဲ့  အရှိန် အတိမ်အနက်တွေက သံစဉ်ရဲ့  စူးရှမှုကြောင့် ပြင်းထန်ပေါက်ကွဲနေတယ်.... စာဖတ်သူတို့ လည်း ဒီသီချင်းလေးကို နှစ်သက်မယ်လို့  ထင်ပါတယ်ဗျာ...... ဒီသီချင်းကို ကျနော်ရဲ့  သူရဲကောင်းတစ်ယောက်ဖွင့်ထုတ်ခဲ့တယ် ပြောရင်လည်း မှန်ပါတယ်....

အားလုံး နှုတ်မပိတ်ဘဲ ကိုယ့်ချစ်သူ့ ဆီကို ခံစားချက်တွေ ဖွင့်ထုတ်ကြစို့ ......

စနေသား

ပြန်လည်ဖော်ထိုက်လိုက်ခြင်း

ကိုတောင်ပေါ်သားရေ... အစ်ကို တက်ဂ်ထားတာ ကြာနေပြီ... ဒီနေ့ မှ ရေးဖြစ်တော့တယ်ဗျာ... (အကြွေးတွေ ထူနေလို့ )

အနှစ်သက်ဆုံး ပိုစ့်လေးကို ပြန်လည်ဖော်ထုတ်ခြင်းဆိုတဲ့ တက်ဂ်ပိုစ့်လေးပါ... ကျနော်ရေးတဲ့ ပိုစ့်တွေအားလုံးကို ကျနော်နှစ်သက်ပါတယ် မြတ်နိုးပါတယ်... အဲ့ဒီအထဲကနေပြီးတော့ ကျနော် တစ်ခုကို ပြန်ပြီး ရွေးထုတ်လိုက်တယ်ဗျာ... ကျေးဇူးရှင်မေမေကို သတိရတဲ့အနေနဲ့  `ချစ်သောမေမေ´ ဆိုတဲ့ပိုစ့်လေးကိုဘဲ ပြန်လည်ထုတ်ပြလိုက်တော့မယ်နော်... အားလုံးလည်း နှစ်သက်ကြမယ်လို့  ကျနော်ထင်ပါတယ်.... ပြန်လည်ခံစားကြည့်ပေးပါဦးဗျာ.....


သို့  ချစ်သောမေမေ


အမေ အမေ.... ဖုန်းထဲမှာဘဲ ခေါ်နေရတာ အားမရလိုက်တာဗျာ....

အမေနဲ့ နီးနေခိုက်တော့ ဆိုးလို့ ကောင်းတုန်း ပေကောင်းတုန်း.... အမေနဲ့  ဝေးသွားရတော့ အမေ့တန်ဖိုး ကျနော်ကောင်းကောင်းကြီးသဘောပေါက်သွားပြီ အမေ....

အမေ့ကို အရမ်းသတိရတယ် အမေ.... အမေ ချက်ကျွေးတဲ့ ဟင်းမစားရတာကြာပြီ....မိသားစု လက်ဆုံစားဝိုင်းလေး အခုဆို ကျနော့်ကိုမျက်စိရှာနေမှာနော်.....

အမေ ခွန့် ကျွေးတဲ့ထမင်း ဘယ်ကမ္ဘာရောက်သွားပြီလဲ...

မနက်တိုင်းနှိုးထနေတဲ့ အမေ့အသံ.. အခုတော့ဟိုးး အဝေးကြီးမှာ ကျန်ခဲ့ပြီ....

ကျနော်နေမကောင်းတုန်းက ဖုန်းထဲမှာ အမေငိုတယ်နော်...အမေမျက်ရည်ကျရင် ကျနော်လည်းကျတယ် အမေ... အမေ မငိုနဲ့ တော့နော်... ကျနော်အခုနေကောင်းနေပြီ အမေရ....

အမေ ဘ၀တိုက်ပွဲတွေက ပြောသလောက်မလွယ်ဘူးဗျာ.... ပင်လယ်ရေလှိုင်းကြီးလိုဘဲ ...တစ်ခါတစ်ခါ ခက်ထန်လိုက် တစ်ခါတစ်ခါ နူးညံ့လိုက် တစ်ခါတစ်ခါ ကြမ်းတမ်းလိုက်... ဒါပေမယ့် အမေ့သားဘဲ အမေ့သွေးအင်အားတွေအပြည့်ပါ....

တစ်ခါကအမေပြောဖူးတယ်နော် `တောင်တက်သမားတွေက ဒီတောင်ကြီးကို မိမိတို့ ရဲ့  ခြေထောက်အောက်ကို ရောက်ဖို့ စွန့် စားကြိုးစားကြတယ်တဲ့´ ..... အဲ့ဒီတုန်းကသားလည်း သိပ်မနားလည်လိုက်ဘူး အမေ.... ကျနော်ဘ၀တစ်သက်မှာ အမြဲထင်ကျန်နေမယ့် စကား.... စိတ်ချအမေ သားရည်မှန်းချက်မပျောက်စေရဘူး....

အမေနဲ့ မငြင်းမစ ရတာတောင် တော်တော်ကြာပြီ... အမေ့ အပြုံး ..... လွမ်းလိုက်တာဗျာ....း'(

အမေ နေကောင်းကျန်းမာရဲ့ လား.... ဟိုနေ့ ကစကားပြောတော့ နှာသံပေါက်နေတယ်နော်... အခုချိန်ဆို တောင်ကြီးမှာ အေးစပြုနေပြီ.... ဆေးသောက်ဦးနော် အမေ... အမေ ကျန်းမာ မှ သားလည်းစိတ်ချမ်းသာမှာ...

အမေ အသက် ၄၀ ပြည့်တဲ့ အထိ သားနဲ့ အမေ အတူတူရှိတုန်းနော်... ဒီနေ့  အမေ့မွေးနေ့ အမေ့ဘေးမှာ သားမရှိဘူး.... သားအမေ့ကိုဒီကနေဘဲ ဦးချကန်တော့တယ်အမေ...

တစ်ဘ၀မှာ တစ်ယောက်ဘဲ ရှိတယ့် အမေ.... အမေ့ကျေးဇူးတွေသားဒီတစ်သက်ဘယ်လိုဆပ်ရမလဲ.....
အမေပျော်ရွှင်ပါစေ .... သားအမြဲဆုတောင်းနေတယ် အမေ....

















ဒီပိုစ့်လေးကို ကျနော် စက်တင်ဘာလ ၂၆ ရက် ၂၀၀၈ ခုနှစ်တုန်းက ရေးခဲ့တာပါ.... ကျနော် အရမ်းချစ်တဲ့ အမေ့ကို သတိရလွန်းလို့  မျက်ရည်များစွာနဲ့  ရေးချခဲ့မိပါတယ်....

ဒီလိုဘဲ.... မိဘတွေရဲ့  ဂရုစိုက်မှု ဆုံးမမှု တွေကို သူတို့ နဲ့  အနီးမှာ ရှိနေခိုက်တော့ ဒီဘက်နားဝင် ဟိုဘက်နားကထွက်သွားတာဘဲ.... ဒါတွေဟာ ဘယ်တော့မှ အရာထင်လာလည်းဆိုတော့ မိဘနဲ့ ဝေးရာ တစ်နေရာကို ရောက်မှဘဲ ဘယ်လောက်ထိတန်ဖိုးကြီးမားတယ်.. ဘယ်လောက်ထိ နွေးထွေးသလဲဆိုတာ စာဖတ်သူတို့ လည်း ခံစားမိမှာ သေချာပါတယ်ဗျာ....

အမေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေဗျာ.....

ကဲ... ကိုတောင်ပေါ်သားရေ... အကြွေး တစ်ပုဒ်ဘဲ ကျန်တော့တယ်နော်.....း)

စနေသား